ကမ္ဘောဒီးယား အကောက်ခွန်ဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်အတွင်း နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ယခင်နှစ်ကာလတူထက် ၁၉ ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာ ခုန်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရသည်။ ထို့အတူ သွင်းကုန်ပမာဏသည်လည်း ၂၁ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၉ ဒသမ ၇ ဘီလီယံ ရှိခဲ့သည်။ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ယခုကဲ့သို့ ကုန်သွယ်မှုကဏ္ဍ သိသိသာသာ တိုးတက်လာခြင်းမှာ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) မူဘောင်နှင့် အခြားသောနိုင်ငံများနှင့် ချုပ်ဆိုထားသည့် နှစ်ဦးနှစ်ဖက် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များ (Bilateral FTAs) ကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဒေသတွင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်များသည် ကမ္ဘောဒီးယားထုတ် ကုန်စည်များကို အခွန်သက်သာခွင့် အများအပြားဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်ရန် အခိုင်အမာ တွန်းအားပေးလျက်ရှိသည်။
ကမ္ဘောဒီးယား၏ ပို့ကုန် ၂၀၂၆ ပထမနှစ်ဝက်တွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁၇ ဘီလီယံအထိ ရှိလာ
Jul 13 • 3:40 AM
Cambodia
Local News
Share
| 10 | 0 | 0 | 0 |


