ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများစတင်ဝင်ရောက်နေသည်။လတ်တလောတွင် ချောင်းရေတက်လာမှု ရပ်တန့်နေသော်လည်း မိုးဆက်လက်ရွာသွန်းပါက ရေထပ်မံတက်လာနိုင်သည့်အတွက် အနိမ့်ပိုင်းဒေသရှိ ပြည်သူများသည် ကုန်းမြင့်ရာဒေသများသို့ ကြိုတင်တိမ်းရှောင်နေကြရသည်။ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း မိုးကြီး၍ ဥရုချောင်းရေလျှံမှုကြောင့် မော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်နှင့် အေးမြသာယာရပ်ကွက်တို့တွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ဇွန်လအတွင်း ရေကြီးမှုဖြစ်စဉ်၌ အေးမြသာယာရပ်ကွက်အနီး မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး မြေပိကာ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ကချင်ပြည်နယ်၊ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်လာ၍ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများစတင်ဝင်ရောက်
Jul 13 • 2:48 AM
Myanmar
Kachin
Share
| 13 | 0 | 0 | 0 |


