ကယားပြည်နယ်၊ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ ယန်းယောကျေးရွာတွင် ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျချောင်းရေများ လျှံတက်ပြီး လယ်ဧက ၄၀၀ ခန့် ရေနစ်မြုပ်ပျက်စီးခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံတောင်သူများ၏ လယ်ယာမြေအများစု ရေနစ်မြုပ်သွားသည့်အပြင် ချောင်းကမ်းပါးပြိုမှုများနှင့် မြေပြိုမှုများပါ ကြုံတွေ့နေရသည်။ လက်ရှိအချိန်ထိ မိုးရွာသွန်းမှု ရပ်တန့်ခြင်းမရှိသေးဘဲ လယ်ယာမြေအချို့မှာ ပြန်လည်ကုစား၍မရနိုင်လောက်အောင် ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာရောက်ကြည့်ရှုကူညီပေးရန် ဒေသခံများက တောင်းဆိုထားသည်။ ယန်းယောကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လပိုင်းကလည်း မိုးကြီးပြီး တောင်ကျချောင်းရေကြောင့် လယ်ဧက ၄၀ ကျော် ရေနစ်မြုပ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်၊ဖယ်ခုံအနောက်ခြမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကြောင့် လယ်ဧက ၄၀၀ ကျော် ရေနစ်မြုပ်
Jul 13 • 2:34 AM
Myanmar
Kayah
Share
| 20 | 0 | 0 | 0 |


