back

ထိုင်းအစိုးရက ဆေးခြောက်တရားမဝင်သယ်ဆောင်မှုကို ပစ်မှတ်ထားစစ်ဆေးနေ၍ သယ်ဆောင်ခြင်းမပြုရန် ခရီးသွားများကို သတိပေး

Jul 13 • 2:12 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ဆေးခြောက်တရားမဝင်သယ်ဆောင်မှုကို ပစ်မှတ်ထားစစ်ဆေးနေ၍ သယ်ဆောင်ခြင်းမပြုရန် ခရီးသွားများကို သတိပေး

ထိုင်းအစိုးရက နိုင်ငံပြင်ပသို့ ဆေးခြောက် မှောင်ခိုထုတ်လုပ်ကူးသန်းမှုများကို တင်းကြပ်စွာ စစ်ဆေးတားဆီးလျက်ရှိပြီး ခရီးသွားများအနေဖြင့် အခြားသူများ၏ ပါဆယ်ထုပ် သို့...

ထိုင်းအစိုးရက နိုင်ငံပြင်ပသို့ ဆေးခြောက် မှောင်ခိုထုတ်လုပ်ကူးသန်းမှုများကို တင်းကြပ်စွာ စစ်ဆေးတားဆီးလျက်ရှိပြီး ခရီးသွားများအနေဖြင့် အခြားသူများ၏ ပါဆယ်ထုပ် သို့မဟုတ် အိတ်များကို ကူညီသယ်ဆောင်ပေးခြင်းမပြုရန် ဇူလိုင်လ ၁၂ ရက်နေ့က သတိပေးချက်ထုတ်ပြန်လိုက်သည်။ ဆေးခြောက်နှင့် ဆေးခြောက်ပါဝင်သော ထုတ်ကုန်များကို တရားမဝင် ထုတ်ယူရန် ကြိုးပမ်းသူများ သို့မဟုတ် ခရီးဆောင်အိတ် ကူညီသယ်ဆောင်ပေးသူများသည် ရာဇဝတ်ဂိုဏ်းများ၏ သားကောင်ဖြစ်သွားနိုင်ပြီး ပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်သည်။

ထိုင်းနိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာ ဆေးခြောက်အသုံးပြုမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ပေါ့ပေးထားသော်လည်း ပြည်ပသို့ ဆေးခြောက်သယ်ဆောင်ခွင့် လိုင်စင်ရရှိခြင်း မဟုတ်ပေ။ ဆေးခြောက်ထွက်ကုန်များကို နိုင်ငံတကာနယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်းအား တင်းကြပ်စွာ တားမြစ်ထားပြီး သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများအရလည်း တရားမဝင် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ အရေးယူခံရမည်ဖြစ်သည်။ ထိုင်းနိုင်ငံ အကောက်ခွန်ဥပဒေများအရ ဆေးခြောက်ကို ထိုင်းပြင်ပသို့ သယ်ဆောင်ပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သလို ကုန်ပစ္စည်းတန်ဖိုး၏ ၄ ဆအထိ ဒဏ်ငွေချမှတ်ခံရနိုင်သည်။ ထို့ပြင် ဆိုက်ရောက်မည့် နိုင်ငံများ၏ ဥပဒေများအရလည်း ထောင်ဒဏ်နှစ်ရှည် သို့မဟုတ် သေဒဏ်အထိ ပြင်းထန်သော ပြစ်ဒဏ်များ ရင်ဆိုင်ရနိုင်သဖြင့် ခရီးသွားများအနေဖြင့် အထူးဂရုပြုလိုက်နာကြရန် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

8