back

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဘီယာဘားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၂၇ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရ

Jul 13 • 1:44 AM

breaking-news

Thailand

Local News

breaking-news
cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဘီယာဘားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၂၇ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လာဒ်ဖရောက် (Lad Phrao) ဧရိယာရှိ ဘီယာဘားတစ်ခုတွင် ဇူလိုင်လ ၁၃ ရက် နံနက် ၃ နာရီခွဲဝန်းကျင်က မီးလောင်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လာဒ်ဖရောက် (Lad Phrao) ဧရိယာရှိ ဘီယာဘားတစ်ခုတွင် ဇူလိုင်လ ၁၃ ရက် နံနက် ၃ နာရီခွဲဝန်းကျင်က မီးလောင်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် လူ ၂၇ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူ ၂၇ ဦးတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၈ ဦး ပါဝင်သည်။ဒဏ်ရာရရှိထားသူ ၁၈ ဦးအနက် ၈ ဦးမှာ စိုးရိမ်ရသည့် "အနီရောင်အဆင့်" တွင် ရှိနေပြီး ၇ ဦးမှာ အဝါရောင်အဆင့်နှင့် ကျန် ၃ ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိသည့် အစိမ်းရောင်အဆင့်ဖြစ်ကြောင်း တာဝန်ရှိသူများက သတ်မှတ်ထားသည်။ လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

18