ရုရှားနိုင်ငံသည် ပြည်တွင်း၌ လောင်စာဆီ ဖူလုံစွာ ထောက်ပံ့ဖြည့်တင်းနိုင်ရန်နှင့် ဈေးကွက်တည်ငြိမ်စေရန်အတွက် ဒီဇယ်ဆီ ပြည်ပသို့ တင်ပို့မှုကို ယာယီပိတ်ပင်လိုက်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်ခ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ယာယီပိတ်ပင်ချက်သည် လောင်စာဆီထုတ်လုပ်သည့် ကုမ္ပဏီများအထိ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း အစိုးရအချင်းချင်း သဘောတူညီချက်အရ တင်ပို့မှုများ မပါဝင်ကြောင်း သိရပြီး၊ နိုင်ငံအတွင်း လောင်စာဆီဈေးကွက် တည်ငြိမ်စေရန်အတွက် ဇူလိုင်လအတွင်း ရေနံထွက်ပစ္စည်းများကို စတင်တင်သွင်းသွားမည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအဆင့်အတန်း နိမ့်ကျသည့် ရေနံထွက်ပစ္စည်းများကို အသုံးပြုကာ လောင်စာဆီ အပိုဆောင်းထုတ်လုပ်မှုပမာဏကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
Jul 12 • 9:07 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


