back

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ထက် ၄ စင်တီမီတာ ကျော်လွန်ရောက်ရှိလာသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် နှိုးဆော်ထား

Jul 12 • 9:06 AM

breaking-news

Myanmar

Kayin

cover

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ထက် ၄ စင်တီမီတာ ကျော်လွန်ရောက်ရှိလာသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် နှိုးဆော်ထား

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီခွဲခန့်မှ စတင်ကာ ၎င်းမြို့၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာထက် ကျော်လွန်ပြီး (၇၅၄) စင်တီမီတာသ...

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီခွဲခန့်မှ စတင်ကာ ၎င်းမြို့၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာထက် ကျော်လွန်ပြီး (၇၅၄) စင်တီမီတာသို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီး အချို့နေရာများတွင် ရေဝင်ရောက်မှုများ စတင်ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြစ်ကမ်းအနီး နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတိပေးချက်များကို အလေးထားလိုက်နာကာ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

11