မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၄၉ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ စဉ့်ကူးမြို့၏ မြောက်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၉ မိနစ် ၂၃ စက္ကန့်အချိန်တွင် မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၂၂.၇၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၉ ဒီဂရီ၊ မြေအောက်အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုကာ ပမာဏ ၄.၄အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်အမျိုးအစားအဖြစ် တိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကိုမူ လတ်တလောတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။



