ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဇူလိုင်လ ၁၁ ရက်၊ ညနေ ၄ နာရီခွဲအချိန်မှစတင်ကာ မြို့၏စိုးရိမ်ရေမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာကို ကျော်လွန်၍ ၇၅၄ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းကြောင့် မြစ်ကမ်းအနီးရှိ နေရာအချို့တွင် ရေစတင်ဝင်ရောက်မှုများ ဖြစ်ပေါ်နေပြီဖြစ်သဖြင့် မြစ်ကမ်းအနီးနေထိုင်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတိပေးချက်များကို အလေးထားလိုက်နာကာ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တာဝန်ရှိသူများက အသိပေးနှိုးဆော်ထားသည်။



