ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရွှေကျင်ချောင်းရေမြင့်တက်လာပြီး ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ရွှေကျင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးလွတ်ရာ ဘေးကင်းသည့်နေရာများသို့ အချိန်မီ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရွှေကျင်ချောင်းရေမြင့်တက်လာသဖြင့် ညောင်ဝိုင်းရပ်ကွက်ရှိ နေအိမ်များမှ အိမ်ထောင်စုများကို မီးသတ်တပ်ဖွဲ့က ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့
Jul 11 • 11:00 AM
Myanmar
Bago
Share
| 12 | 0 | 0 | 0 |


