တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၆ ဦးကို ဇူလိုင် ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံမှ သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများအား နေရပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ခွဲနှင့် ရွှေလီမြို့ရှိ သက်ဆိုင်ရာ နိုင်ငံခြားရေးရုံး၊ တာဝန်ရှိသူများနှင့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ၎င်းတို့အား ရွှေလီ-မူဆယ် နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သည့် နန်းတော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ တရားမဝင်နေထိုင်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၄၆ ဦးအား နန်းတော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်
Jul 11 • 9:12 AM
China
Local News
Share
| 16 | 0 | 0 | 0 |


