back

ဂရိနိုင်ငံ - Ryanair လေယာဉ်ပေါ်မှာ လေယာဉ်ပြတင်းပေါက် ပြုတ်ထွက်သွားလို့ ခရီးသည်တစ်ယောက် လေယာဉ်အပြင်ကို လွင့်စင်ထွက်လုနီးပါး ဖြစ်ပွားခဲ့

Jul 11 • 4:28 AM

breaking-news

Myanmar

International

cover

ဂရိနိုင်ငံ - Ryanair လေယာဉ်ပေါ်မှာ လေယာဉ်ပြတင်းပေါက် ပြုတ်ထွက်သွားလို့ ခရီးသည်တစ်ယောက် လေယာဉ်အပြင်ကို လွင့်စင်ထွက်လုနီးပါး ဖြစ်ပွားခဲ့

ဂရိနိုင်ငံ သက်ဆာလိုနီကီမြို့ကနေ ဂျာမနီနိုင်ငံ မမ်မင်ဂန်မြို့ကို ပျံသန်းလာတဲ့ Ryanair လေကြောင်းလိုင်း လေယာဉ်တစ်စင်းပေါ်မှာ အင်ဂျင်က ထွက်လာတဲ့ အပျက်အစီး အစိတ်အပို...

ဂရိနိုင်ငံ သက်ဆာလိုနီကီမြို့ကနေ ဂျာမနီနိုင်ငံ မမ်မင်ဂန်မြို့ကို ပျံသန်းလာတဲ့ Ryanair လေကြောင်းလိုင်း လေယာဉ်တစ်စင်းပေါ်မှာ အင်ဂျင်က ထွက်လာတဲ့ အပျက်အစီး အစိတ်အပိုင်းတစ်ခု ထိမှန်မှုကြောင့် လေယာဉ်ပြတင်းပေါက် ကျွတ်ထွက်သွားခဲ့ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ကောင်းကင်ယံအထက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လေယာဉ်အတွင်း လေဖိအား ရုတ်တရက် လျော့နည်းသွားပြီး အောက်ဆီဂျင်မာစခ်တွေ ကျလာခဲ့သလို အရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့ပါတယ်။ပြတင်းပေါက် ပွင့်ထွက်သွားချိန်မှာ အနီးမှာထိုင်နေတဲ့ ဆားဘီးယားနိုင်ငံသား ခရီးသွားတစ်ဦးဟာ ခေါင်းနဲ့ ပခုံးတွေ လေယာဉ်အပြင်ဘက်ကို ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့တာကြောင့်ရော ဘေးနားက ခရီးသည်တွေက ဝိုင်းဝန်းဆွဲယူ ကူညီပေးခဲ့တာကြောင့်ရော အပြင်ကို လုံးဝ ပါမသွားဘဲ ကံကောင်းစွာ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီခရီးသည်ဟာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးရုံတင်ထားရပေမဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် လေယာဉ်ဟာ သက်ဆာလိုနီကီ လေဆိပ်ကို ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ခရီးသည်တွေကို လေဆိပ်အဆောက်အအုံဆီ ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိတဲ့ ခရီးသည်တွေ ဂျာမနီကို ဆက်လက်ထွက်ခွာနိုင်ဖို့အတွက် အစားထိုးလေယာဉ်တစ်စင်း စီစဉ်ပေးခဲ့ပါတယ်လို့ Ryanair လေကြောင်းလိုင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။




news-view-count-icon

23