ထိုင်း၊ဘန်ကောက် ၊ ဝမ်ထောင်လန်း (Wang Thonglang) မြို့နယ်၊ လတ်ဖရောက် (Ladprao) လမ်းမပေါ်မှာ လေအေးပေးစက်ပါ အဲကွန်းဘတ်စ်ကား တစ်စီး လမ်းဘေးပေါ် ထိုးတက်ပြီး သစ်ပင်နဲ့ ဓာတ်တိုင်ကို ဝင်တိုက်မိတဲ့ မတော်တဆမှုတစ်ခု ဒီကနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဘတ်စ်ကားရှေ့ပိုင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး လမ်းဘေးသစ်ပင်ပါ လဲကျခဲ့ရပါတယ်။ဒီမတော်တဆမှုကြောင့် ဘတ်စ်ကားပေါ်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပတ်ချာဝတ် (Phetchawet) ဆေးရုံနဲ့ လတ်ဖရောက် (Ladprao) ဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ပေးခဲ့ကြပါတယ်။လက်ရှိမှာတော့ တာဝန်ရှိသူတွေက ပျက်စီးသွားတဲ့ ဘတ်စ်ကားကို အခင်းဖြစ်နေရာကနေ ဖယ်ရှားဖို့ လုပ်ဆောင်နေကြပြီး မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းမှန်ကို သိရှိနိုင်ဖို့ စုံစမ်းစ-စ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။



