back

တိုင်ဖွန်းမုန်တိုင်းဘာဗီကြောင့် ဂျပန်တွင် အဆိုးရွားဆုံးပျက်စီးမှုများ ဖြစ်လာနိုင်

Jul 11 • 1:49 AM

breaking-news

Japan

Local News

cover

တိုင်ဖွန်းမုန်တိုင်းဘာဗီကြောင့် ဂျပန်တွင် အဆိုးရွားဆုံးပျက်စီးမှုများ ဖြစ်လာနိုင်

တိုင်ဖွန်းမုန်တိုင်းဘာဗီဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို ဇူလိုင် ၁၀ ရက်မှာ တဖြည်းဖြည်း ချဉ်းကပ် လာကာအဲဒီအားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ နှစ်ပေါင်းများစွ...

တိုင်ဖွန်းမုန်တိုင်းဘာဗီဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို ဇူလိုင် ၁၀ ရက်မှာ တဖြည်းဖြည်း ချဉ်းကပ် လာကာအဲဒီအားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ နှစ်ပေါင်းများစွာ အတွင်း ဒေသတွင်း အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တဲ့ မုန်တိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မြေပြိုတာတွေနဲ့ ရေကြီး ရေလျှံတာတွေ ဖြစ်ပွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တိုင်ဖွန်းဘာဗီဟာ တရုတ် (တိုင်ပေ)အနီးက ကျွန်းစုတစ်ခုဖြစ်တဲ့ ဂျပန်ဆာကီရှီးမားကျွန်းစုဆီကို တစ်နာရီ ၁၆၂ ကီလိုမီတာနှုန်းနဲ့ ချဉ်းကပ်လာခဲ့တာဖြစ်ကာမုန်တိုင်းကြောင့် ဒေသတွင်းက လေယာဉ်ခရီးစဉ်များစွာကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အများ ပြည်သူသုံး ကမ်းခြေတချို့၊ ကမ်းရိုးတန်းပန်းခြံတွေနဲ့ ဒေသခံကူးတို့ဆိပ်ကမ်းတချို့ကိုလည်း ပိတ်ထားရတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။


news-view-count-icon

13