back

MLBB GOTF 2026 ပြိုင်ပွဲဝင် အသင်း 16 သင်း အတည်ပြုထုတ်ပြန်

Jul 11 • 1:42 AM

breaking-news

Myanmar

Local

breaking-news
cover

MLBB GOTF 2026 ပြိုင်ပွဲဝင် အသင်း 16 သင်း အတည်ပြုထုတ်ပြန်

Games of the Future 2026 (GOTF 2026) တွင် ယှဉ်ပြိုင်ခွင့်ရရှိထားသော MLBB အသင်း 16 သင်း ကို တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ Qualified Teams များအဖြစ်- Team S...

Games of the Future 2026 (GOTF 2026) တွင် ယှဉ်ပြိုင်ခွင့်ရရှိထားသော MLBB အသင်း 16 သင်း ကို တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

Qualified Teams များအဖြစ်- Team Spirit, Team Falcons PH,ONIC,BTR by Vitality, Selangor Red Giants (SRG),Team Vamos,Aurora Gaming,

FUT Esports,Alpha7 North, PRO Esports,Entity7,Geekay Esports,The MongolZ,

DFYG,Bushido Wildcats,BumblebeesမှာGOTF 2026 ပြိုင်ပွဲကို ကာဇက်စတန်နိုင်ငံ၊ Astana မြို့ တွင် August 4 ရက်နေ့မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်း MLBB အသင်းများ အပြိုင်အဆိုင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ONIC, BTR by Vitality, Team Falcons PH နဲ့ Selangor Red Giants (SRG) တို့ကို Champion ဆုအတွက် ရေပန်းအစားဆုံး အသင်းများအဖြစ် သတ်မှတ်ခံထားရပါတယ်။ယခုနှစ် GOTF 2026 ရဲ့ Prize Pool ဟာ အမေရိကန်ဒေါ်လာ 900,000 အထိရှိပြီး Champion အသင်းကတော့ အမေရိကန်ဒေါ်လာ 300,000 ကျော် (မြန်မာငွေ ကျပ် သန်း 1,200 ကျော်) ကို ဆွတ်ခူးရရှိသွားမှာ ဖြစ်ပါတယ်။MSC 2026 အပြီးမှာ ကမ္ဘာ့အဆင့် MLBB အသင်းတွေ ထပ်မံအားပြိုင်ကြမယ့် GOTF 2026 ဟာ ပရိသတ်တွေအတွက် မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ နိုင်ငံတကာ Tournament ကြီးတစ်ခု ဖြစ်လာတော့မှာဖြစ်ကာGOTF 2026 ပြိုင်ပွဲ ပွဲစဉ်တွေကို August 4 ရက်နေ့မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။


news-view-count-icon

25