မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းဆီများကို စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး၊ ဆီလက်ကျန်စာရင်းများကို အချိန်မီ တင်ပြနိုင်ရေးနှင့် ဆီသိုလှောင်မှုစနစ်များ ပိုမိုကောင်းမွန်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက ဆီကန်များ၌ ဌာနဝန်ထမ်းများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိပြီး MITS ၏ ကျွမ်းကျင်အဖွဲ့များကလည်း လစဉ် ဆီလက်ကျန်ပမာဏများကို တိုင်းတာစစ်ဆေးမှတ်တမ်းတင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့စေရန်အတွက် ဆီကန်တာဝန်ရှိသူများအနေဖြင့် နေ့စဉ်ဆီလက်ကျန်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း အချိန်မီပေးပို့ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း အချိန်မီတင်ပြရေး MITS ညှိနှိုင်း
Jul 10 • 12:03 PM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


