မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်တို့တွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် ရေကြီးမှုအန္တရာယ်ကို ကြိုတင်သတိပြုနိုင်ရန် သတိပေးချက် ထုတ်ပြန်ထားသည်။ လက်ရှိတွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၌ စိုးရိမ်ရေမှတ်အောက် ၃ ပေကျော်တွင် ရှိနေပြီး လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့အတူ သံလွင်မြစ်ရေသည် ဘားအံမြို့၌ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၌ စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်နှင့် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၌ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် အသီးသီး ရောက်ရှိနေသည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ကြိုတင်သတိပြု နေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
Jul 10 • 12:02 PM
Myanmar
Local
Share
| 15 | 0 | 0 | 0 |


