back

ထိုင်းနိုင်ငံ၊ဘန်ကောက် ရာမ ၂ လမ်းပေါ်တွင် ကရိန်းပြိုကျမှုဖြစ်ပွားပြီး ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံး

Jul 10 • 10:16 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဘန်ကောက် ရာမ ၂ လမ်းပေါ်တွင် ကရိန်းပြိုကျမှုဖြစ်ပွားပြီး ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ရာမ ၂ လမ်း၊ ဆမွတ်ဆာခွန်ခရိုင်၊ ကလောင်းလန်းတံတားအနီးတွင် ဇူလိုင် ၉ ရက်က ကရိန်းပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးလုပ်သား အမျိုးသားတစ်ဦး ပွဲချ...

ထိုင်းနိုင်ငံ ရာမ ၂ လမ်း၊ ဆမွတ်ဆာခွန်ခရိုင်၊ ကလောင်းလန်းတံတားအနီးတွင် ဇူလိုင် ၉ ရက်က ကရိန်းပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးလုပ်သား အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာသို့ ဘန်သိုရတ်ရဲစခန်းမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး၊ လက်ရှိတွင် ရဲတပ်ဖွဲ့က ကရိန်းပြိုကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါမတော်တဆမှုကြောင့် လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများက အပျက်အစီးများကို ရှင်းလင်းဖယ်ရှားနေစဉ်အတွင်း ယင်းလမ်းပိုင်းကို ခေတ္တရှောင်ရှားကြရန် ထုတ်ပြန်အကြံပြုထားကြောင်း သိရသည်။

news-view-count-icon

12