ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၇ ရက်အတွင်း ရေချိုငါးများကို အစိမ်းလိုက်နှင့် မကျက်တကျက် စားသုံးခြင်းကြောင့် ဖြစ်ပွားသည့် အသည်းကပ်ပါးရောဂါ (Liver Fluke) စွဲကပ်သူ ၂,၆၅၆ ဦး ရှိလာပြီး အသက် ၅၀ မှ ၅၉ နှစ်ကြား လူများတွင် ကူးစက်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါ ကပ်ပါးကောင်များသည် လူ့ခန္ဓာကိုယ်အတွင်းရှိ သည်းခြေပြွန်ထဲတွင် အနှစ် ၂၀ မှ ၃၀ အထိ အသက်ရှင်နိုင်ပြီး အချိန်မီကုသမှုမခံယူပါက သည်းခြေပြွန်ကင်ဆာအထိ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ရောဂါထိန်းချုပ်ရေးဦးစီးဌာနက အကြေးခွံဖြူရေချိုငါးများ၊ ငါးစိမ်းသုပ်၊ ငါးချဉ်နှင့် ငါးပိစိမ်ထားသည့် ထုတ်ကုန်များကို အစိမ်းစားခြင်းမှ ရှောင်ကြဉ်ရန်နှင့် စားသုံးလိုပါက အနည်းဆုံး ၁၀ မိနစ်ခန့် ကျက်အောင်ချက်ပြုတ်ရန် သတိပေးထားပြီး၊ ငါးစိမ်းပုံမှန်စားလေ့ရှိသူများအနေဖြင့်လည်း နှစ်စဉ် ဝမ်းစစ်ဆေးမှုခံယူကာ ရောဂါလက္ခဏာပြပါက အမြန်ဆုံးဆေးကုသမှုခံယူရန် အကြံပြုထားကြောင်း သိရသည်။
Jul 10 • 10:15 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


