ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား ၂၃၉ ဦးကို ဇူလိုင်လ ၈ ရက်နေ့က မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တရုတ်နိုင်ငံတာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။မြဝတီမြို့နယ်အတွင်း၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်အထိ တရားမဝင် ဝင်ရောက်လာသူ ပြည်ပနိုင်ငံသား ၁၄,၇၃၁ ဦး ဖမ်းဆီးရမိခဲ့ရာ၊ ၎င်းတို့အနက် ၁၃,၈၁၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် လွှဲပြောင်းရန် ၉၂၀ ဦး ကျန်ရှိနေသေးပြီး ၎င်းတို့အနက် ၇၀၉ ဦးမှာ လဝကအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) နှင့် မူးယစ်ဆေးဝါးဥပဒေတို့ဖြင့် အပြစ်ပေးအရေးယူထားသူများဖြစ်ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၁ ဦးကိုလည်း ဆက်လက်လွှဲပြောင်းရန် ထိန်းသိမ်းထားကြောင်း သိရသည်။
Jul 09 • 2:59 AM
Myanmar
Kayin
Share
| 14 | 0 | 0 | 0 |


