menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade - 12) အမှတ်စာရင်း ပြန်လည်စိစစ်နေမှုများကြောင့်ထုတ်ပြန်ရက် နောက်ကျနိုင်

Jul 09 • 1:59 AM

breaking-news

Myanmar

Local

Share

share-news
cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade - 12) အမှတ်စာရင်း ပြန်လည်စိစစ်နေမှုများကြောင့်ထုတ်ပြန်ရက် နောက်ကျနိုင်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 အောင်စာရင်း ထွက်ရှိပြီးနောက် ယခင်နှစ်များကကဲ့သို့ သုံးရက်ဝန်းကျင်ဖြင့် အမှတ်စာရင်း ထုတ်မပေးနိုင်ဘဲ ဆယ်ရက်ကျော်သည်အထိ ကြာ...

cover-photo

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 အောင်စာရင်း ထွက်ရှိပြီးနောက် ယခင်နှစ်များကကဲ့သို့ သုံးရက်ဝန်းကျင်ဖြင့် အမှတ်စာရင်း ထုတ်မပေးနိုင်ဘဲ ဆယ်ရက်ကျော်သည်အထိ ကြာမြင့်နေခြင်းမှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအချို့၌ ရှိနေသည့် အတန်းကျော်တက်ရောက်မှုများနှင့် အထပ်ထပ်သင်ကြားမှုများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြန်လည်စိစစ်နေရခြင်းကြောင့်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။ အချို့သော ကိုယ်ပိုင်ကျောင်းများတွင် Grade - 10 အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို Grade - 11 အား စနစ်တကျတက်ရောက်စေခြင်းမရှိဘဲ Grade - 12 သို့ အလွယ်တကူ အတန်းကျော်တက်ရောက်ခွင့်ပြုထားသည့် မသမာမှုများ ရှိနေသဖြင့် သက်ဆိုင်ရာက အဖွဲ့များခွဲကာ အသေးစိတ် ပြန်လည်စစ်ဆေးနေခြင်း ဖြစ်သည်။လက်ရှိ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ယခု ဇူလိုင်လ ဒုတိယပတ် သို့မဟုတ် စတုတ္ထပတ်လောက်မှသာ အမှတ်စာရင်း ထုတ်ပေးမည့်ရက်ကို ကြေညာနိုင်ခြေရှိပြီး အောင်လက်မှတ်များကိုမူ ဩဂုတ်လ တတိယပတ် သို့မဟုတ် စတုတ္ထပတ်လောက်တွင် စတင်ထုတ်ပေးနိုင်မည်ဟု ပညာရေးလောကအတွင်း ပြောဆိုမှုများ ရှိနေသည်။ သို့သော် ၎င်းအခြေအနေမှာ ကာယကံရှင်များ၏ ခန့်မှန်းချက်သာဖြစ်ပြီး တရားဝင် ကြေညာချက်မဟုတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအနေဖြင့် စာစစ်ဦးစီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ဆိုင်းရန် လို ကြောင်းသိရသည်။

news-view-count-icon

36

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဘရာဇီး နည်းပြ အန်ဆယ်လော့တီကို ၂၀၃၀ ကမ္ဘာ့ဖလားအထိ ဆက်လက်ခန့်အပ်ထားရန် ဘရာဇီးဘောလုံးအဖွဲ့ချုပ် အတည်ပြု

လာအိုနိုင်ငံတွင် လူအန်ပရာဘန်းရွှေတွင်းဖြစ်စဉ်များအပြီး တရားမဝင်သတ္တုတူးဖော်မှု နှိမ်နင်းရေးကို အရှိန်မြှင့်လုပ်ဆောင်

cover-photo
right-arrow-icon