ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအခမ်းအနားများအဖြစ် ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဩဂုတ်လ ၂၈ ရက် (ဝါခေါင်လပြည့်နေ့) တွင် မေတ္တာအခါတော်နေ့နှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲ၊ စက်တင်ဘာလ ၂၆ ရက် (တော်သလင်းလပြည့်နေ့) တွင် ဂရုဓမ္မအခါတော်နေ့၊ အောက်တိုဘာလ ၂၅ ရက် (သီတင်းကျွတ်အဖိတ်နေ့) တွင် မီးထွန်းပွဲတော်နှင့် အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို အသီးသီး စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်တွင် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Jul 08 • 7:40 AM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


