back

ယူအေအီးနိုင်ငံ အဘူဒါဘီတွင် မြို့တော်၏ နေတိုင်းက မြင်တွေ့နိုင်မည့် ဧရာမအထင်ကရ အဆောက်အအုံသစ် Sphere ကြီးကို တည်ဆောက်မည်ဖြစ်

Jul 08 • 7:31 AM

breaking-news

UAE

Local News

cover

ယူအေအီးနိုင်ငံ အဘူဒါဘီတွင် မြို့တော်၏ နေတိုင်းက မြင်တွေ့နိုင်မည့် ဧရာမအထင်ကရ အဆောက်အအုံသစ် Sphere ကြီးကို တည်ဆောက်မည်ဖြစ်

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အဘူဒါဘီ ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဌာန (DCT Abu Dhabi) နှင့် Sphere Entertainment Co. တို့ ပူးပေါင်း၍ အမေရိကန်...

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အဘူဒါဘီ ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဌာန (DCT Abu Dhabi) နှင့် Sphere Entertainment Co. တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ အကုန်အကျခံကာ ဧရာမဖျော်ဖြေရေးဇုန်ကြီး ဖြစ်လာမည့် "Sphere Abu Dhabi" ကို ယက်စ်ကျွန်း (Yas Island) ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိ အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်ရှိ နာမည်ကြီး Sphere အဆောက်အအုံကို အခြေခံကာ အမေရိကန်ပြင်ပ ပထမဆုံးအဖြစ် တည်ဆောက်မည့် ယခုပြဇာတ်ရုံကြီးသည် ပရိသတ် ၂၀,၀၀၀ အထိ ဆံ့ဝင်မည်ဖြစ်သည်။ ၎င်းအဆောက်အအုံ၏ အပြင်ဘက်မျက်နှာပြင်တစ်ခုလုံးကို ဧရာမ LED စခရင်ကြီးများ (Exosphere) ဖြင့် ဖုံးအုပ်ထားမည်ဖြစ်သောကြောင့် မြို့တော် skyline ၏ မည်သည့်နေရာကမဆို အလွယ်တကူ လှမ်းမြင်နိုင်မည့် ဒစ်ဂျစ်တယ်အနုပညာ ကမ္ဘာသစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၉ ခုနှစ်ကုန်တွင် အပြီးသတ်တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

news-view-count-icon

7