မန္တလေးမြို့တွင် ဒေသခံများ နည်းပါးလာကာ ရွှေ့ပြောင်းနေထိုင်သူ ပိုမိုများပြားလာသည့် ပြည်သူများ၏ စားသောက်မှုပုံစံပါ ပြောင်းလဲလာခြင်းကြောင့် မြို့၏အထင်ကရ အညာဒေသ ဓလေ့ရိုးရာ အစားအစာအရောင်းဆိုင်အချို့ ရောင်းအားကျဆင်းမှုများနှင့် ကြုံတွေ့နေရသည်။ အထူးသဖြင့် မနက်စာအပါအဝင် နေ့လယ်နေ့ခင်းများတွင်ပါ စားသောက်ဖွယ်ရာ အစုံအလင်ရရှိသည့် ခေတ်ပေါ်လက်ဖက်ရည်ဆိုင်ကြီးများ အပြိုင်အဆိုင် ပေါ်ပေါက်လာပြီးနောက်ပိုင်း မိရိုးဖလာ နာမည်ရပြီးသား ရိုးရာအစားအစာဆိုင်များတွင် ရောင်းအား သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။ယခုကဲ့သို့ စားသောက်မှုပုံစံ ပြောင်းလဲလာမှုကြောင့် အချို့သော ရိုးရာအစားအစာဆိုင်များမှာ ခေတ်ပေါ်လက်ဖက်ရည်ဆိုင်ကြီးများနှင့် လက်တွဲလုပ်ကိုင်လာကြသဖြင့် ရိုးရာအစားအစာအချို့၏ ပြင်ဆင်မှုပုံစံနှင့် အရသာများပါ ပြောင်းလဲလာခဲ့သည်။ ခေတ်စနစ်အပြောင်းအလဲနှင့်အတူ မန္တလေးမြို့၏ ရှေးနှစ်ပေါင်းများစွာကတည်းက အညာဒေသအခင်းအကျင်းဖြင့် ရောင်းချခဲ့သည့် မုန့်တီ၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ စသည့် မြို့၏အထင်ကရ ရိုးရာအစားအစာဆိုင်အချို့မှာ တိမ်မြုပ်ပျောက်ကွယ်လုမတတ် ဖြစ်နေရပြီး ရိုးရာဓလေ့များ ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်နေကြရသည်။
မန္တလေးမြို့တွင် ဒေသခံနည်းပါးလာပြီး စားသောက်မှုပုံစံပြောင်းလဲလာသဖြင့် မြို့၏အထင်ကရ ရိုးရာအစားအစာဆိုင်များ ရောင်းအားကျဆင်း
Jul 08 • 4:41 AM
Myanmar
Mandalay
Share
| 25 | 0 | 0 | 0 |


