back

မကွေးတိုင်း၊ အောင်လံမြို့၌ ရာသီဥတုကြောင့် ပဲကြီးအထွက်နှုန်းကျဆင်းပြီး ဈေးနှုန်းများ မြင့်တက်နေ

Jul 08 • 3:53 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ အောင်လံမြို့၌ ရာသီဥတုကြောင့် ပဲကြီးအထွက်နှုန်းကျဆင်းပြီး ဈေးနှုန်းများ မြင့်တက်နေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် အဓိကစိုက်ပျိုးသည့် ပဲကြီးသီးနှံမှာ ယခုနှစ်၌ ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်းလျော့ကျခဲ့ပြီး ဈေးကွက်အတွင်း ဈေးနှုန်းများ သိသ...


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် အဓိကစိုက်ပျိုးသည့် ပဲကြီးသီးနှံမှာ ယခုနှစ်၌ ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်းလျော့ကျခဲ့ပြီး ဈေးကွက်အတွင်း ဈေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိသည်။ ပဲကြီးသီးနှံအသစ် စတင်ပေါ်ပေါက်ချိန်က ပိဿာ ၂၀ ပါ တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ပဲကြီး (ရွှေကျွန်း) တစ်အိတ်လျှင် ကျပ် ၂၆၀,၀၀၀၊ ပဲကြီးအလတ်စ တစ်အိတ်လျှင် ကျပ် ၂၅၅,၀၀၀ နှင့် ပဲကြီးအသေး တစ်အိတ်လျှင် ကျပ် ၂၄,၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်လာကြောင်း သီးနှံပွဲရုံများနှင့် ကုန်စည်ဒိုင်များထံမှ သိရသည်။ထိုသို့ ပဲကြီးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အဆိုပါပဲကြီးထိပ်စများကို ကုန်ကြမ်းအဖြစ် အသုံးပြုရသည့် ပဲကြော်လုပ်ငန်းများတွင်လည်း အခက်အခဲဖြစ်ပေါ်နေပြီး လက်ရှိတွင် ပဲကြော်အသန့်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းအထိ ဈေးနှုန်းမြင့်တက်သွားသည်။ ဤကဲ့သို့ ပဲကြော်ဈေးနှုန်းများ လိုက်ပါမြင့်တက်လာမှုကြောင့် ပဲကြော်ဈေးကွက်အတွင်း ဝယ်လိုအားများပါ တဖြည်းဖြည်း ကျဆင်းလာနေသည်။

news-view-count-icon

8