back

မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် နော်ဝေလူမျိုးနည်းပြ ဂျွန်အန်ဒါဆင် ရန်ကုန်မြို့သို့ ရောက်ရှိ

Jul 08 • 2:12 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် နော်ဝေလူမျိုးနည်းပြ ဂျွန်အန်ဒါဆင် ရန်ကုန်မြို့သို့ ရောက်ရှိ

နော်ဝေနှင့် ဂျာမနီနိုင်ငံသားဖြစ်သူ နည်းပြ ဂျွန်အန်ဒါဆင် (Jørn Andersen) သည် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းကို ကိုင်တွယ်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်...

နော်ဝေနှင့် ဂျာမနီနိုင်ငံသားဖြစ်သူ နည်းပြ ဂျွန်အန်ဒါဆင် (Jørn Andersen) သည် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းကို ကိုင်တွယ်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ လက်ရှိတွင် နည်းပြအန်ဒါဆင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့အကြား ကနဦး အကြိုသဘောတူညီမှု ရရှိထားပြီးဖြစ်ကာ၊ ရန်ကုန်မြို့တွင် အပြီးသတ်အသေးစိတ် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ နှစ်ဖက်ဆွေးနွေးမှုများ အောင်မြင်စွာ ပြီးဆုံးပါက အန်ဒါဆင်သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် တရားဝင် တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်သည်။နည်းပြ ဂျွန်အန်ဒါဆင်သည် ကစားသမားဘဝတွင် နော်ဝေလက်ရွေးစင်အသင်းအတွက် ၂၇ ပွဲကစားကာ ၅ ဂိုး သွင်းယူပေးခဲ့ဖူးသည်။ နည်းပြဘဝတွင်မူ ဂျာမနီကလပ် မိုချန်ဂလာဘတ်၊ မိန့်ဇ် အစရှိသည့် အသင်းကြီးများကို ကိုင်တွယ်ခဲ့ဖူးသည့်အပြင် မြောက်ကိုရီးယားလက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ကိုပါ တာဝန်ယူခဲ့ဖူးသည်။ ၎င်းသည် ဟောင်ကောင်အသင်းကို ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့စဉ်အတွင်း အသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၂၃ အာရှဖလားပြိုင်ပွဲ (၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့်) နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်နိုင်အောင် ပို့ဆောင်ပေးခဲ့သည့် ဝါရင့်နည်းပြတစ်ဦး ဖြစ်သည်။

news-view-count-icon

22