back

ရန်ကုန်ရှိ အောင်ဆန်းကွင်း ပြန်လည်တည်ဆောက်ရန် ကွင်းဘေးရှိ ကားဂိတ်နှင့် ဆိုင်ခန်းများ အပြီးဖျက်သိမ်းနေ

Jul 07 • 12:34 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ရှိ အောင်ဆန်းကွင်း ပြန်လည်တည်ဆောက်ရန် ကွင်းဘေးရှိ ကားဂိတ်နှင့် ဆိုင်ခန်းများ အပြီးဖျက်သိမ်းနေ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းကွင်းဘေးမှ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားကားလက်မှတ်အရောင်းဆိုင်ခန်းများ၊ ဘီယာဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ...

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းကွင်းဘေးမှ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားကားလက်မှတ်အရောင်းဆိုင်ခန်းများ၊ ဘီယာဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို အပြီးဖျက်သိမ်းခိုင်းထားသဖြင့် ယာဉ်လိုင်းအချို့မှာ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဖဆပလအိမ်ရာဘက်နှင့် အနီးနားရှိ ရပ်ကွက်များအတွင်းသို့ ရွှေ့ပြောင်းနေကြရကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါဖျက်သိမ်းမှုသည် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ၏ အကူအညီပေးအပ်ရေးအပါအဝင် နားလည်မှုစာချွန်လွှာ (MoU) ၁၈ ခုကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် ပေကျင်းမြို့ဆွေးနွေးပွဲတွင် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် အောင်ဆန်းကွင်းအတွင်းရှိ အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ပွဲကြည့်စင်များနှင့် အဆောက်အဦဟောင်း ၂၀ ခုကို ဖျက်သိမ်းရန်အတွက် အိတ်ပိတ်တင်ဒါများကို ဇူလိုင် ၃ ရက်မှ ၁၇ ရက်အထိ လျှောက်လွှာတင်သွင်းနိုင်ရန် အားကစားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

news-view-count-icon

81