back

ရန်ကုန်ဆိပ်ကမ်းများသို့ ရောက်ရှိလာသည့် လျှပ်စစ်မော်တော်ယာဉ် (EV) အစီး ၂၀ ကို စစ်ဆေးထုတ်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်

Jul 07 • 12:26 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ဆိပ်ကမ်းများသို့ ရောက်ရှိလာသည့် လျှပ်စစ်မော်တော်ယာဉ် (EV) အစီး ၂၀ ကို စစ်ဆေးထုတ်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်...

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်း အစီး ၂၀ သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာရာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က စစ်ဆေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ EV ယာဉ်များအနက် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ယာဉ် ၁၅ စီးနှင့် သီလဝါဆိပ်ကမ်းရှိ ယာဉ် ၂ စီးကို ဇွန်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ကျန်ရှိသည့် သီလဝါဆိပ်ကမ်းမှ ယာဉ် ၃ စီးကို ဇူလိုင်လ ၁ ရက်နေ့တွင်လည်းကောင်း စစ်ဆေးမှုများ အသီးသီး ပြုလုပ်ခဲ့ပြီးနောက်၊ ဇူလိုင်လ ၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်အခွန်အခများ ကောက်ခံကာ စနစ်တကျ စစ်ဆေးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

17