မလေးရှားနိုင်ငံ ကဒါးပြည်နယ်၊ ဆွန်ဂိုင်းပတ္တနီရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားဝင်ပါမစ်မရှိဘဲ နေထိုင်သည့် မြန်မာအမျိုးသမီး ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၄ ဦး၊ အင်ဒိုနီးရှားအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အသက် ၂၃ နှစ်မှ ၄၆ နှစ်ကြားရှိ အဆိုပါ တရားမဝင်လုပ်သား ၉ ဦးစလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဘီလန်တစ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (Belantic Immigration Depot) သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Jul 07 • 8:24 AM
Malaysia
Local
Share
| 11 | 0 | 0 | 0 |


