ထိုင်းအစိုးရသည် အလုပ်သမား ၄၅ သန်းကျော်အတွက် အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုလွယ်ကူစွာ တိုင်ကြားနိုင်ရန် 'Traffy Fondue' ပလတ်ဖောင်းမှတစ်ဆင့် AI အခြေပြု တိုင်ကြားမှုစနစ်သစ်တစ်ခုကို လာမည့် ဩဂုတ်လဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း ဇူလိုင်လ ၇ ရက်နေ့ Migrant Times သတင်းအရ သိရသည်။ အဆိုပါစနစ်သည် လုပ်ခလစာ၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင်အခြေအနေနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိကလမ်းကြောင်းဖြစ်လာမည်ဖြစ်ပြီး၊ အလုပ်သမားများသည် စမတ်ဖုန်းအသုံးပြု၍ တိုင်ကြားစာနှင့် အထောက်အထားများကို အလွယ်တကူ တင်ပြနိုင်ကာ AI စနစ်က သက်ဆိုင်ရာအေဂျင်စီထံ တိုက်ရိုက်ခွဲခြမ်းစိတ်ဖြာ ပေးပို့သွားမည်ဖြစ်သည့်အပြင် ဆောင်ရွက်ချက်အခြေအနေကိုလည်း အချိန်နှင့်တပြေးညီ ပြန်လည်စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လာမည့် ဩဂုတ်လမှစတင်၍ အလုပ်သမားအခွင့်အရေးဆိုင်ရာ 'Traffy Fondue' AI တိုင်ကြားမှုစနစ်သစ် စတင်မည်
Jul 07 • 8:22 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


