နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် လျှပ်စစ်မော်တော်ယာဉ် (EV) ကဏ္ဍ မြှင့်တင်ရေးအတွက် "ရာဇာမင်း" ယာဉ်လိုင်းမှ လျှပ်စစ်ဘတ်စ်ကား (EV Bus) များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ EV ဘတ်စ်ကားလိုင်းသည် မြို့မဈေး - NSA - သပြေကုန်း - စည်ပင်ဧည့်ရိပ်သာ - ဆင်ရုပ် - မြင်းရုပ် - နှင်းဆီပန်းအဝိုင်း - ဘောဂသီရိ (တောင်ညိုလမ်းအတိုင်း) အဓိက ဖြတ်သန်းပြေးဆွဲပေးသွားမည် ဖြစ်သည်။ ယာဉ်စီးခအဖြစ် ဂိတ်စမှ ဂိတ်ဆုံးအထိ ၁,၀၀၀ ကျပ် သတ်မှတ်ထားပြီး တစ်ရက်လျှင် စုစုပေါင်း (၄) ခေါက် ပြေးဆွဲပေးမည်ဖြစ်ကာ ပထမအလှည့်အဖြစ် နံနက် ၀၆:၀၀ နာရီတွင် မြို့မဈေးဂိတ်မှ စတင်ထွက်ခွာပြေးဆွဲပေးနေကြောင်း သိရသည်။
နေပြည်တော်မြို့တွင်း ခရီးစဉ်အတွက် "ရာဇာမင်း" ယာဉ်လိုင်းမှ EV ဘတ်စ်ကားများ စတင်ပြေးဆွဲ၊ ဂိတ်စ/ဂိတ်ဆုံး ၁,၀၀၀ ကျပ်
Jul 07 • 8:08 AM
Myanmar
Naypyidaw
Share
| 19 | 0 | 0 | 0 |


