back

ချင်းလူငယ်အနုပညာရှင် Pau Za Langh ၏ ပထမဆုံးအကြိမ် တကိုယ်တော် ပန်းချီပြပွဲမှ ပန်းချီကားအားလုံး အကုန် ရောင်းထွက်ခဲ့

Jul 07 • 4:39 AM

breaking-news

Myanmar

Chin

cover

ချင်းလူငယ်အနုပညာရှင် Pau Za Langh ၏ ပထမဆုံးအကြိမ် တကိုယ်တော် ပန်းချီပြပွဲမှ ပန်းချီကားအားလုံး အကုန် ရောင်းထွက်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တောင်လှေကား-Home Art Gallery ၌ ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ "Between" ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ချင်းလူငယ်ပန်းချ...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တောင်လှေကား-Home Art Gallery ၌ ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ "Between" ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ချင်းလူငယ်ပန်းချီအနုပညာရှင် Pau Za Langh ၏ ပထမဆုံးသော တစ်ကိုယ်တော်ပန်းချီပြပွဲတွင် ပြသခဲ့သည့် ရိုးရာနှင့် ခေတ်ပြိုင် (Contemporary) ပေါင်းစပ်အနုပညာလက်ရာ ပန်းချီကား ၅၇ ကားစလုံး ပြပွဲစတုတ္ထမြောက်နေ့၌ပင် ရာနှုန်းပြည့် အကုန်ရောင်းထွက် (Sold Out) ခဲ့ကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် ပြပွဲစီစဉ်သူများနှင့် တောင်လှေကားအနုပညာပြခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပြပွဲတွင် ချင်းတောင်ရှိ ကမ္ဗည်းကျောက်တိုင်များအပေါ် ၎င်း၏အမြင်များကို ပေါင်းစပ်ပုံဖော်ထားသည့် "Echoes in the stone (Animals) series" အပါအဝင် ချင်းရိုးရာအငွေ့အသက်များကို အဓိကဖော်ညွှန်းထားသည့် ပန်းချီကားများကို ပြသခဲ့ရာ မြို့ခံများ၊ ကျောင်းသားလူငယ်များ၊ လုပ်ငန်းရှင်များနှင့် ချင်းအနုပညာရှင်များစွာ လာရောက်ဝန်းရံအားပေးခဲ့ကြသည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ ပန်းချီဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသည့် တက်သစ်စချင်းလူငယ်အနုပညာရှင် ကို Pau Za Langh ကလည်း မိမိ၏ပန်းချီကားအားလုံး အကုန်ရောင်းချခွင့်ရရှိကာ ယခုကဲ့သို့ သမိုင်းဝင်မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းမှာ ပရိသတ်များအားလုံး၏ ဝိုင်းဝန်းအားပေးမှုကြောင့်ဖြစ်ကြောင်း စိတ်လှုပ်ရှားဝမ်းသာစွာဖြင့် ကျေးဇူးတင်စကား ပြောကြားထားသည်။

news-view-count-icon

9