ချင်းပြည်နယ်၊ မတူပီခရိုင်၊ ဇိုတုန်ဒေသရှိ ဂန့်ဂေါ-အိုက်ကားလမ်း (၄၆) မိုင် တောင်ပြိုကြီးနေရာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေသားများ ထပ်မံပြိုကျကာ ကားလမ်းပိတ်ဆို့နေမှုကို လာမည့် ဇူလိုင်လ ၈ ရက်နေ့တွင် ဖယ်ရှားရှင်းလင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် Zotung Federal Council ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းကြောင့် မြေပြိုမှုများကို ဖယ်ရှားရှင်းလင်းရန် အခက်အခဲရှိနေသဖြင့် ဇူလိုင်လ ၈ ရက်နေ့ရောက်မှသာ မြေပြိုမှုကို အပြီးသတ်ဖယ်ရှားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်ရန် အသိပေးထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မိုးရာသီအတွင်းကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် မတူပီခရိုင် ဇိုတုန်ဒေသတွင်းရှိ အဓိကလမ်းမကြီးများကို ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ၄ လကျော်ကြာ စက်ယန္တရားကြီးများဖြင့် ပြန်လည်ပြုပြင်ခဲ့ရပြီး အဆိုပါလမ်းပိုင်းပြုပြင်ရေးအတွက် ငွေကျပ်သိန်း ၂,၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။
Jul 07 • 2:08 AM
Myanmar
Chin
Share
| 18 | 0 | 0 | 0 |


