back

အပူချိန်မြင့်မားမှုကြောင့် ဥရောပတောင်ပိုင်းတွင် တောမီးများပြင်းထန်စွာလောင်ကျွမ်းပြီး လူသောင်းချီ ဘေးလွတ်ရာရွှေ့ပြောင်းနေရ

Jul 06 • 12:49 PM

breaking-news

Myanmar

International

cover

အပူချိန်မြင့်မားမှုကြောင့် ဥရောပတောင်ပိုင်းတွင် တောမီးများပြင်းထန်စွာလောင်ကျွမ်းပြီး လူသောင်းချီ ဘေးလွတ်ရာရွှေ့ပြောင်းနေရ

ဥရောပတောင်ပိုင်းတစ်ဝန်းတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်ကာ တောမီးရာသီ တစ်လခန့်စော၍ ဖြစ်ပေါ်နေမှုကြောင့် ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်နှင့် ဂရိနိုင်ငံတို...

ဥရောပတောင်ပိုင်းတစ်ဝန်းတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်ကာ တောမီးရာသီ တစ်လခန့်စော၍ ဖြစ်ပေါ်နေမှုကြောင့် ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်နှင့် ဂရိနိုင်ငံတို့တွင် မြေဟက်တာပေါင်း ၁၉,၀၀၀ ကျော် တောမီးလောင်ကျွမ်းလျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင် ရာပေါင်းများစွာက ငြှိမ်းသတ်နေရသည်။ အဆိုပါတောမီးများကြောင့် ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းတွင် လူပေါင်းသောင်းချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည့်အပြင် နာမည်ကျော် Tour de France စက်ဘီးစီးပြိုင်ပွဲ၏ တတိယအကျော့ကိုပါ ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည်။ ထို့ပြင် ဂရိနိုင်ငံတွင် စက်ရုံနှစ်ခု မီးလောင်ပျက်စီးခဲ့ပြီး စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့တွင်လည်း မြေဟက်တာ ထောင်ပေါင်းများစွာ တောမီးဝါးမြိုခြင်း ခံထားရသကဲ့သို့ ခရိုအေးရှားနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့တွင်လည်း တောမီးများ ဆက်လက်လောင်ကျွမ်းနေကြောင်း သိရသည်။

news-view-count-icon

11