back

ဓာတ်အားလေလွင့်မှုများသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး မီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး

Jul 06 • 12:48 PM

breaking-news

Myanmar

Yangon

cover

ဓာတ်အားလေလွင့်မှုများသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး မီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊ မီတာဖတ်ရှုမှုနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျှော့ချရေး အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု များပြားနေသည့် (၃၃) ကေဗီ မြောင်းတကာ - မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းသုံးမီတာများကို ရှောင်တခင် သွားရောက်စစ်ဆေးခြင်းကို အဓိကထား ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

10