မြန်မာနိုင်ငံ ဂျပန်ပြန်ပညာဟောင်းများအသင်း (MAJA) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သည့် JLPT စာမေးပွဲ၌ BSG-2၊ YUOE-1၊ BKMY-1 နှင့် DGU-2 စာဖြေဌာနများမှ ကောက်ခံရရှိထားသော မေ့ကျန်ရစ်သည့် မှတ်ပုံတင် (၄) ခုနှင့်အတူ ထီး၊ မျက်မှန်ဘူး၊ အနွေးထည်၊ အိတ် စသည့် အသုံးအဆောင်ပစ္စည်းများကို သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ နိုင်ငံ့ဥယျာဉ်အိမ်ရာ (အမှတ် ၂ဘီ-၃) တွင် တည်ရှိသော JLPT Test Management Centre သို့ ကာယကံရှင်များကိုယ်တိုင် လာရောက်ဆက်သွယ် ထုတ်ယူနိုင်ကြောင်း ယနေ့ သတင်းထုတ်ပြန် အသိပေးထားသည်။
JLPT စာမေးပွဲနေ့တွင် မှတ်ပုံတင်နှင့် အသုံးအဆောင်ပစ္စည်းများ မေ့ကျန်ရစ်ခဲ့သူများ JLPT Test Management Centre ၌ လာရောက်ထုတ်ယူနိုင်
Jul 06 • 10:43 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


