ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ၏ ကိန်းဂဏန်းအချက်အလက်အသစ်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ခန့်သည် တာ့ခ် (မဲဆောက်)၊ ရနောင်း၊ ကန်ချနဘူရီနှင့် ချင်းရိုင် စသည့် အဓိကနယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ IOM က ကောက်ယူခဲ့သည့် စာရင်းဇယားများအရ ဝင်ရောက်လာသူ ၃,၅၀၀ ကျော်အနက် ၄၁ ရာခိုင်နှုန်းမှာ တရားဝင် စာရွက်စာတမ်း အထောက်အထား မရှိကြကြောင်း သိရသည်။ ၎င်းတို့သည် ကုန်သွယ်ရေး၊ အလည်အပတ်၊ အလုပ်အကိုင်ရှာဖွေရန်နှင့် စစ်ပွဲရှောင်ရန် စသည့် အကြောင်းအရင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းမှာ ယခင်ကဲ့သို့ လုပ်သားအင်အားသက်သက် မဟုတ်တော့ဘဲ ပုံစံပြောင်းလဲလာနေကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း IOM ထုတ်ပြန်
Jul 06 • 10:42 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


