ဇူလိုင် ၅ ရက်က MFF Futsal Stadium ၌ ကျင်းပခဲ့သည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် Music FC အသင်းက Friends FC အသင်းကို ၄ ဂိုး - ၃ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။ ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားတွင် ပြိုင်ပွဲမှရရှိသည့် ကွင်းဝင်ကြေး ငွေကျပ် ၁၀၂ သိန်း ၇ သောင်းနှင့် Hey Play မှ ဖူဆယ်လူငယ်ဖွံ့ဖြိုးတက်ရေးအတွက် လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁၀၀ (စုစုပေါင်း ရန်ပုံငွေကျပ် ၂၀၂ သိန်း ၇ သောင်း) ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါက်တာ ထက်ခိုင်ဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲပြီး ရန်ပုံငွေကျပ် သိန်း ၂၀၀ ကျော် လှူဒါန်း
Jul 06 • 10:40 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


