back

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

Jul 06 • 10:39 AM

breaking-news

Myanmar

Local

cover

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုတ်သုံလေ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့...

မုတ်သုံလေ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၆ ရက် (ယနေ့) နံနက် ၈ နာရီတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၇/၂၀၂၆) ဖြင့် ထုတ်ပြန်အသိပေးထားသည်။ ထိုထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

news-view-count-icon

18