back

ယူအေအီးနိုင်ငံ၊အဘူဒါဘီတရားရုံးက အလုပ်ခွင်ဝင်ရမည့်ရက်ကို အချိန်ဆွဲထားခံခဲ့ရသည့် ဝန်ထမ်းအား လစာကျန် ဒေါ်လာ ၃၀,၀၀၀ ကျော် ပေးလျော်ရန် ကုမ္ပဏီကို အမိန့်ချ

Jul 06 • 6:46 AM

breaking-news

UAE

Local News

cover

ယူအေအီးနိုင်ငံ၊အဘူဒါဘီတရားရုံးက အလုပ်ခွင်ဝင်ရမည့်ရက်ကို အချိန်ဆွဲထားခံခဲ့ရသည့် ဝန်ထမ်းအား လစာကျန် ဒေါ်လာ ၃၀,၀၀၀ ကျော် ပေးလျော်ရန် ကုမ္ပဏီကို အမိန့်ချ

ယူအေအီးနိုင်ငံ၊အဘူဒါဘီ အလုပ်သမားတရားရုံး (Abu Dhabi Labour Court) သည် ကုမ္ပဏီတစ်ခုနှင့် သတ်မှတ်ကာလ အလုပ်အကိုင်စာချုပ် ချုပ်ဆိုထားသော်လည်း လုပ်ငန်းခွင်ဝင်ရောက်မည...

ယူအေအီးနိုင်ငံ၊အဘူဒါဘီ အလုပ်သမားတရားရုံး (Abu Dhabi Labour Court) သည် ကုမ္ပဏီတစ်ခုနှင့် သတ်မှတ်ကာလ အလုပ်အကိုင်စာချုပ် ချုပ်ဆိုထားသော်လည်း လုပ်ငန်းခွင်ဝင်ရောက်မည့်ရက်ကို အကြောင်းပြချက်မရှိဘဲ ဆက်တိုက်ရွှေ့ဆိုင်းကာ အချိန်ဆွဲထားခြင်း ခံခဲ့ရသည့် ဝန်ထမ်းတစ်ဦးအား အဆိုပါစောင့်ဆိုင်းခဲ့ရသည့် ကာလအတွက် လစာကျန်ငွေ ယူအေအီးဒရမ် ၁၁၀,၄၀၀ (အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကျော်) ကို အပြည့်အဝပေးလျော်ရန် အလုပ်ရှင်ကုမ္ပဏီထံ အမိန့်ချမှတ်ခဲ့သည်။အဆိုပါဝန်ထမ်းသည် အခြေခံလစာ ၇,၂၀၀ ဒရမ် အပါအဝင် စုစုပေါင်း တစ်လလျှင် ၂၄,၀၀၀ ဒရမ်ရရှိမည့် စာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း၊ ကုမ္ပဏီဘက်က လုပ်ငန်းခွင်ဝင်ရန် ၄ လနှင့် ၁၈ ရက်တိုင်တိုင် ရက်ရွှေ့ဆိုင်းခဲ့သဖြင့် နစ်နာမှုအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ကုမ္ပဏီဘက်က အဆိုပါဝန်ထမ်းသည် လုပ်ငန်းခွင်သို့ သတင်းပို့ခြင်းမရှိဘဲ ခွင့်ယူခဲ့သည်ဟု ချေပခဲ့သော်လည်း တရားရုံးက စစ်ဆေးရာတွင် ဝန်ထမ်းပျက်ကွက်မှုအတွက် မည်သည့်တရားဝင်စုံစမ်းစစ်ဆေးမှု သို့မဟုတ် အထောက်အထားမျှ မပြနိုင်ခဲ့ဘဲ ရက်ရွှေ့ဆိုင်းရခြင်းမှာ အလုပ်ရှင်၏ ပျက်ကွက်မှုကြောင့်သာဖြစ်ကြောင်း အလုပ်သမားဥပဒေအရ ပေါ်လွင်ထင်ရှားသဖြင့် ဝန်ထမ်းဖြစ်သူ ခွင့်ယူခဲ့သည့် ၈ ရက်စာကိုသာ နှုတ်ယူပြီး ကျန်ရှိသည့် လစာငွေများကို အလုပ်ရှင်က မဖြစ်မနေ ပေးဆောင်ရမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13