ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းထုတ်ကုန်များ၏ ထောက်ပံ့မှုကွင်းဆက် (Supply Chain) ကို ပိုမိုအားကောင်းစေရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန်အတွက် ပြည်တွင်းဖြစ်ထုတ်ကုန်များ သီးသန့်ဖြန့်ချိရေးစင်တာ (Khmer Market MSME Hub) တစ်ခုကို ယမန်နေ့က ဖနွမ်းပင်မြို့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီး စမတ်နီမောလ် (Cham Nimul) တက်ရောက်ဖွင့်လှစ်ပေးခဲ့သော ဤဗဟိုဌာနသည် ကမ္ဘောဒီးယားနိုင်ငံထုတ် ကုန်ပစ္စည်းများကို စားသုံးသူများထံသို့ ထိရောက်မြန်ဆန်စွာ ရောက်ရှိစေမည်ဖြစ်ပြီး၊ ပြည်တွင်းစားသုံးမှု မြင့်တက်လာစေရန် အစိုးရ၏ ကြိုးပမ်းမှုများကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ ၎င်းအခမ်းအနားတွင် ကမ္ဘောဒီးယား ကျွမ်းကျင်ပညာရှင်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများကောင်စီ (CPMEC) အနေဖြင့် ဈေးကွက်ချိတ်ဆက်မှုများ ပိုမိုကျယ်ပြန့်လာစေရန်အတွက် Smart Axiata၊ SME Bank of Cambodia အပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်း ၄ ခုနှင့် နားလည်မှုစာချွန်လွှာ (MoUs) များ လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံက ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ရရှိမှု မြှင့်တင်ရန် MSME ဗဟိုဖြန့်ချိရေးဌာနသစ်တစ်ခုကို ဖွင့်လှစ်
Jul 06 • 3:52 AM
Cambodia
Local News
Share
| 8 | 0 | 0 | 0 |


