ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆောင်းရာသီသီးနှံ စိုက်ပျိုးမည့် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင် ၁ ရက်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ် ဆောင်းရာသီအတွက် စုစုပေါင်း ငွေကျပ် ၁,၀၃၇ သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။ ချေးငွေထုတ်ချေးသည့် ပထမဆုံးနေ့တွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်နှင့် ရှဒေါင်ကျေးရွာတို့မှ တောင်သူများ၏ စိုက်ပျိုးဧက ၃၀ အတွက် တစ်ဧကလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကို ဦးစွာထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁,၀၃၇ သိန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးမည်
Jul 05 • 12:00 PM
Myanmar
Kachin
Share
| 16 | 0 | 0 | 0 |


