ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ စံပယ်ချောင်ကျေးရွာအုပ်စု၊ အေးသာယာရွာအရှေ့ဘက်ခြမ်းတွင် ဇူလိုင် ၅ ရက် (ယနေ့) ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံနေအိမ်အချို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်ရာကျေးရွာသို့ သုံးခွမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ပျက်စီးဆုံးရှုံးမှုများကို ကူညီဖယ်ရှားပေးခြင်းနှင့် လိုအပ်သည့် ရှင်းလင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 05 • 11:59 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


