တရုတ်နိုင်ငံ၊ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က မြန်မာပိုက်ကျော်ခြင်းကစားသမား (၂) ဦးကို ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ် အပြည့်အဝထောက်ပံ့ပေးမည့် အလုံးစုံတာဝန်ယူ ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသည့် ကစားသမားများအနေဖြင့် Grade-12 အောင်မြင်ပြီးသူ ဖြစ်ရမည့်အပြင်၊ လက်ရှိတွင် ပိုက်ကျော်ခြင်းကလပ်တစ်ခုခု၌ ပါဝင်ကစားနေပြီး အားကစားကို ကျွမ်းကျင်စွာ ကစားနိုင်သူ ဖြစ်ရမည်ဖြစ်သည်။ အဆိုပါ ပညာသင်ဆုရရှိသူများသည် တရုတ်နိုင်ငံတွင် ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ကာ တရုတ်ဘာသာစကားကို အခြေခံမှစ၍ စနစ်တကျ သင်ယူရမည်ဖြစ်သည့်အပြင်၊ မိမိတို့ စိတ်ပါဝင်စားသည့် အခြားဘာသာရပ်များကိုလည်း စိတ်ကြိုက်ရွေးချယ် သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာပိုက်ကျော်ခြင်းကစားသမား ၂ ဦးအား တရုတ်နိုင်ငံ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က အလုံးစုံထောက်ပံ့မည့် ပညာသင်ဆု ပေးအပ်မည်
Jul 05 • 9:07 AM
China
Local News
Share
| 1 | 0 | 0 | 0 |


