ပြင်သစ်အသင်း၏ ကမ္ဘာ့ကျော်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေ (Kylian Mbappé) က ပါရာဂွေးအသင်းနှင့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားများ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့မှုအပေါ် ၎င်းတို့အနေဖြင့်လည်း တိုက်ပွဲဝင်ဘောလုံးပုံစံမျိုးကို ကောင်းကောင်းကြီး တုံ့ပြန်ကစားနိုင်ကြောင်း ဖွင့်ဟခဲ့သည်။ အမ်ဘာပေက "အကယ်၍ ကျွန်တော်တို့ဘက်က ညစ်ပတ်ညစ်ပတ် ကစားဖို့ လိုအပ်လာမယ်ဆိုရင်လည်း အဲဒီလိုပဲ ကစားသွားမှာပေါ့လေ။ သူတို့က ကျွန်တော်တို့ကို ကွင်းထဲမှာ ကတ္တီပါဖိနပ်လေးစီးပြီး ယဉ်ယဉ်ကျေးကျေး ပျူပျူငှါငှါ လာကစားပြမယ်လို့ ထင်နေကြပုံရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်ရမယ့် ဘောလုံးပုံစံမျိုးကိုလည်း ကောင်းကောင်းကြီး ကစားတတ်ပါတယ်ဗျာ။ ကျွန်တော်တို့ဟာ တိုက်စစ်တစ်ခုတည်းပဲ ကောင်းကောင်းကစားတတ်တဲ့ အသင်းမျိုး မဟုတ်ဘူးဆိုတာကို အခုပွဲမှာ သက်သေပြသခဲ့ပြီးပါပြီ" ဟု ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုသွားခဲ့သည်။
Jul 05 • 9:06 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


