ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ နမ့်မှော်နှင့် ကောင်းစံကျေးရွာကြားရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ ဘတ်ဟိုးမြေတူးစက်များနှင့်အတူ နစ်မြုပ်သွားသည့် အသက် ၂၀ ကျော်မှ ၄၀ ဝန်းကျင်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသား ၇ ဦး သေဆုံးခဲ့ကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထပ်မံပျောက်ဆုံးသူ မရှိတော့သဖြင့် ရှာဖွေရေးလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း၊ ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ၌ပင် ပြီးခဲ့သည့် ဇွန် ၂၈ ရက်ကလည်း မြေစာပုံဟောင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၅ ဦးထက်မနည်း သေဆုံးခဲ့ဖူးကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများ၏ ပြောကြားချက်အရ သိရသည်။


