အမေရိကန်ပြည်ထောင်စု၏ ဒေသအတော်များများတွင် ပြင်းထန်သော အပူလှိုင်းကျရောက်မှုကြောင့် ဇူလိုင် ၄ ရက်တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဝါရှင်တန်ဒီစီ (Washington DC) တွင် ကျင်းပရန် ပြင်ဆင်ထားသည့် လွတ်လပ်ရေးနေ့ စီတန်းလှည့်လည်ပွဲ (Parade) ကိုပါ ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။ ပြည်နယ်အများအပြားတွင် အပူချိန် အလွန်အမင်း မြင့်တက်နေခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် လူစုလူဝေးဖြင့် ကျင်းပမည့် အစီအစဉ်များကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။



