ပြီးခဲ့သည့် ဇွန်လအတွင်းက ဥရောပသမိုင်းတစ်လျှောက် အပြင်းထန်ဆုံးအဖြစ် ကျရောက်ခဲ့သည့် အပူလှိုင်းဒဏ်ကြောင့် ပြင်သစ်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့တွင် သေဆုံးသူ ၃,၇၀၀ ကျော်အထိ ရှိခဲ့ပြီး အဆိုပါအရေအတွက်မှာ ထပ်မံတိုးလာနိုင်ကြောင်း ကနဦးရရှိသည့် ကိန်းဂဏန်းများအရ သိရသည်။ ဇွန် ၂၀ ရက်မှ ၂၈ ရက်အထိ ကြာမြင့်ခဲ့သော ယင်းအပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် ဝန်ပိမှုများ ဖြစ်ပေါ်ခဲ့ရပြီး၊ ပြင်သစ်နိုင်ငံ၌ သေဆုံးသူ ၂,၀၂၅ ဦး (အများစုမှာ အသက် ၄၅ နှစ်နှင့်အထက် ဖြစ်ကြသည်)၊ ဘယ်လ်ဂျီယံနိုင်ငံ၌ ၁,၂၀၀ ခန့်နှင့် နယ်သာလန်နိုင်ငံ၌ ၄၈၀ အထိ သေဆုံးခဲ့ကြောင်း သိရသည်။
ဥရောပတလွှား ကျရောက်ခဲ့သည့် အပူလှိုင်းကြောင့် ပြင်သစ်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့တွင် သေဆုံးသူ ၃,၇၀၀ ကျော်ရှိလာ
Jul 05 • 8:54 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


