back

ဇူလိုင် ၄ ရက်မှ ၁၀ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နယ်စပ်တစ်ကြော၌ မိုးသည်းထန်ပြီး မြေပြိုနိုင်သဖြင့် အထူးသတိပြုရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် သတိပေး

Jul 05 • 8:44 AM

breaking-news

Myanmar

Shan

cover

ဇူလိုင် ၄ ရက်မှ ၁၀ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နယ်စပ်တစ်ကြော၌ မိုးသည်းထန်ပြီး မြေပြိုနိုင်သဖြင့် အထူးသတိပြုရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် သတိပေး

မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့ Meteoblue (ICON Auto မော်ဒယ်လ်) တိုင်းထွာချက်အရ ဇူလိုင် ၄ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း ရှမ်းပြည်န...

မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့ Meteoblue (ICON Auto မော်ဒယ်လ်) တိုင်းထွာချက်အရ ဇူလိုင် ၄ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်အတွင်း၌ ဒေသအလိုက် မိုးရွာသွန်းမှု ကွဲပြားနိုင်ပြီး မူဆယ်၊ လောက်ကိုင် (ကိုးကန့်) နှင့် "ဝ" အထူးဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့မြောက်ဘက် တရုတ်နယ်စပ်တစ်ကြောတွင် ရက်ဆက်မိုးသည်းထန်ကာ မိုးရေချိန် ၁၀၀ မှ ၁၆၀ မီလီမီတာအထက်အထိ ရရှိနိုင်သဖြင့် တောင်စောင်းတောင်ခြေဒေသများ၌ မြေပြိုခြင်း၊ လမ်းချော်ခြင်းနှင့် ကျောက်ခဲကြွေခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေ မြင့်မားကြောင်း သိရသည်။ ထို့ပြင် ကျောက်မဲ၊ လားရှိုး၊ သီပေါနှင့် ရှမ်းအရှေ့ပိုင်း (ကျိုင်းတုံ၊ တာချီလိတ်) ဒေသများတွင် သီတင်းပတ်အလယ်နှင့် နှောင်းပိုင်း၌ မိုးစိပ်လာနိုင်ပြီး၊ ရှမ်းတောင်ပိုင်း (တောင်ကြီး၊ ကလော၊ ဖယ်ခုံ၊ နမ့်စန်) ဒေသများတွင်မူ ရက်ဦးပိုင်း၌ မိုးပုံမှန်ခပ်ကျဲကျဲသာ ရွာသွန်းနိုင်သော်လည်း နေ့ခင်းနှင့် ညနေပိုင်းများတွင် မိုးသက်လေပြင်းကျခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ရုတ်တရက် ဖြစ်ပွားနိုင်ကြောင်း သုံးသပ်ထားသည်။ သို့ဖြစ်ပါ၍ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးအပါအဝင် ရှမ်းမြောက်လမ်းပိုင်းများ၌ သွားလာမည့် ယာဉ်မောင်းများအနေဖြင့် လမ်းချော်ခြင်းနှင့် မြင်ကွင်းကျဆင်းခြင်းအန္တရာယ်ကို သတိပြုရန်နှင့် စိုက်ပျိုးရေးတောင်သူများအနေဖြင့်လည်း မိမိတို့ဒေသ၏ မိုးရွာသွန်းမှုအခြေအနေအလိုက် ရေသွင်းယူမှုနှင့် ရေနုတ်မြောင်းစနစ်များကို ကြိုတင်ပြင်ဆင် စီမံထားကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

17