တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက် (ဇန်နဝါရီမှ ဇွန်လအထိ) အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကတိပြုမှုပမာဏ (FDI Pledges) သည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၉.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၄.၂၈ ဘီလီယံအထိ ရှိလာကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတွင်းသို့ အမှန်တကယ် ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ (FDI Arrivals) သည်လည်း ၄၂.၆ ရာခိုင်နှုန်းအထိ သိသာစွာ ခုန်တက်သွားပြီး ဒေါ်လာ ၁၀.၇၃ ဘီလီယံအထိ ရှိခဲ့သည်။အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဖိအားများရှိနေသော်လည်း၊ ကိုရီးယားနိုင်ငံ၏ ခေတ်မီနည်းပညာမြင့် စက်မှုကဏ္ဍများနှင့် ထောက်ပံ့မှုကွင်းဆက် (Supply Chain) အပေါ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက ယုံကြည်စိတ်ချမှု ရှိနေဆဲဖြစ်ကြောင်း ဤအချက်အလက်များက ဖော်ပြနေသည်။ စီးပွားရေးကဏ္ဍအလိုက် ကြည့်ပါက ဘဏ္ဍာရေးနှင့် အိမ်ခြံမြေကဏ္ဍများ ဦးဆောင်မှုဖြင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ၂၇.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ စက်မှုထုတ်ကုန်ကဏ္ဍတွင်မူ ဓာတုနှင့် လျှပ်စစ်ပစ္စည်းလုပ်ငန်းများဘက်၌ ရင်းနှီးမြှုပ်နှံမှု လျော့နည်းသွားသဖြင့် ၂၈.၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ ယခုနှစ် ပထမနှစ်ဝက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကတိပြုမှု ၉ ရာခိုင်နှုန်း မြင့်တက်လာ
Jul 05 • 6:45 AM
South Korea
Local News
Share
| 7 | 0 | 0 | 0 |


